Wednesday, May 2, 2007

တောင်းပန်ပါတယ်

ကျွန်တော်အရမ်း အလုပ်များနေပါတယ်။ Blog ကို Update မလုပ်နိုင်တာ ခွင့်လွှတ်ကြပါလို့ အားလုံးကိုတောင်းပန်ပါတယ်။ မိုးငယ်ကို လည်းတောင်းပန်ပါတယ်။ မြန်မာလိုရေးနည်းကို တတ်နိုင်သမျှ အမြန်ဆုံးရေးပေးပါမယ်။

Friday, April 27, 2007

ကြွားချင်ပါတယ်။

www.saisaionline.com

ကျွန်တော်တို့ CREATIVE Web Studio ကနေ http://www.saisaionline.com/ ဆိုတဲ့ website ကို 2005 August လောက်က စရးခဲ့တာပါ။ အခုအဲဒိ website ဟာ http://www.style-awards.com/ ဆိုတဲ့ design ကောင်းဆုံး Website တွေကို စုစည်းဖော်ပြပေးထားတဲ့ Website မှာ ပါလာပါတယ်။ ကိုယ့် Company က website ကိုဒီလို ဖော်ပြတာကို တွေ့ရတော့ အတော်ကို ၀မ်းသာမိပါတယ်။ နိုင်ငံတကာ က website တွေနှင့် အပြိုင် ဖော်ပြခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

Tuesday, April 24, 2007

ဓါတ်ပုံလည်းမရှိဘူး

ကျွန်တော့် Blog ကိုလာကြည့်တဲ့ သူတွေကတော့ တော်တော်ကို စိတ်ပျက်မယ် ထင်ပါတယ်။ ပုံတစ်ပုံမှ့ မရှိပဲ စာတွေနှင့်ပဲ ပြည်နေလို့ပါ။ ပုံတွေတင်နိုင်အောင် လုပ်ပါ့မယ်။ ပြောမယ့်သာ ပြောရတာပါ Blog က ကြည့်တဲ့သူတောင် ရှိရဲ့လားမသ်ပါဘူး :(

Web Hosting အကြောင်း

ကျွန်တော် MyanmarTraining.com မှာ တတ်သလောက်မှတ်သလောက် မေးခွန်းတွေ ဖြေပါတယ်။ Web Hosting အကြောင်းမေးလို့ သိသလောက် ဖောထားတာပါ။ အမှားပါရင် ပြောပါ။ ကျွန်တော့် Blog ကိုလာတဲ့ သူတွေ ဖတ်လို့ရအောင် တင်ပေးထာတာပါ။

“ Free Hosting တွေကတော့ အများကြီးရှိပါတယ်။ Google နဲ့ free web hosting ဆိုပြီးရှာလိုက်ရင် အများကြီးတွေ့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ http://www.netfirms.com/ ကိုသုံးကြည့်စေချင်ပါတယ်။ Free Hosting တွေကတော့ အပေါ်ဆုံးမှာ သူတို့ရဲ့ ကြေညာတွေ တင်ထားလေ့ရှိပါတယ်။ Data ကို backup မလုပ်ပေးပါဘူး။ ကိုယ်ပိုင် website တင်မယ်ဆိုရင်တော့ ပြသနာမရှိပေမယ့် အလုပ် လုပ်မယ့် business website မျိုးဆိုရင်တော့ မကောင်းပါဘူး။ အဲဒိတော့ Free သုံးမလား ပိုက်ဆံပေးသုံးမလားဆိုတာ မိမိအသုံးပြု့ မယ်အပေါ်မှာမူတည်ရွေးချယ်သင့်ပါတယ်။ ပိုက်ဆံပေးရတဲ့ web hosting တွေကတော့ Site down မသွားအောင် mirror server တွေကို အများကြီးထားပေးပါတယ်။ Data ကို daily, weekly, monthly စသည်းဖြင့် backup လုပ်ပေးပါတယ်။ web hosting ၀ယ်မယ်ဆိုရင် အထက်ပါအချက်တွေကို ဂရုပြုရွေးချယ်ရပါတယ်။ ဒါတွေအပြင် Bandwidth ဘယ်လောက်ရလဲ ကြည့်ရပါမယ်။ Bandwidth များရင် ကိုယ့် website ကို လူအများကြီး တစ်ပြိုင်နက် ကြည့်နိုင်မှာဖြစ်ပါတယ်။ အချို့ web hosting တွေက Bandwidth ကို fix လုပ်ထားပါတယ်။ သတ်မှတ်ချက်ထက်ကျော်ရင် ဖြတ်ချတတ်ပါတယ်။ အဲဒိလို အချိန်မှာ website down တာဖြစ်တတ်ပါတယ်။ အချို့ web hosting တွေကျတော့ Bandwidth ကို fix မလုပ်ပဲ ကျော်သွားတဲ့ ပမာဏပေါ် မူတည်ပြီး ပိုက်ဆံထပ်ကောက်ပါတယ်။ အဲဒိအချက်ကို web hosting မ၀ယ်ခင်ကတည်းက သေချာမေးမြန်းသင့်ပါတယ်။ web hosting အတော်များများ မှာ ၂၄ နာရီ ဆက်သွယ်လို့ရတဲ့ live chat တွေပါ ပါတယ်။ FTP ကတော့ File Transfer Protocol ဖြစ်ပါတယ်။ Free နှင့် ပိုက်ဆံပေးရတဲ့ web hosting နှစ်ခုစလုံးမှာပါ ပါတယ်။ ပိုက်ဆံပေးရတဲ့ web hosting ကတော့ သူရဲ့ FTP Server ကို Secure ဖြစ်အောင်ထားပေးပြီး File တွေကို FTP Server ပေါ်တင်နေစဉ် အချိန်အတွင်းမှာလည်း File မပျောက်အောင်၊ အခြားသူတစ်ဦး ခိုးယူမရအောင် တာ ၀န်ယူပေးပါတယ်။ Free web hosting တွေကတော့ အဲဒိအချက်တွေကို တာဝန်မယူပါဘူး။ “

Saturday, April 21, 2007

ကျွန်တော် ပြန်ရောက်ပြီ

ကျွန်တော် တောင်ကြီးကနေ ပြန်ရောက်ပါပြီ။ နှစ်ဆန်းတစ်ရက်နေ့က ပြန်ရောက်ပါတယ်။ စာရေးရမှာ ပျင်းတာနှင့် Blog တောင်ဝင်မရေးဖြစ်ဘူး။ ပိုပြီးစိတ်ပျက်စရာကောင်းတာက တောင်းကြီးကနေ ဓါတ်ပုံ တစ်ပုံမှ့ မပါခဲ့တာပဲ။ နောက်မှ့ တောင်ကြီးအကြောင်းတွေ ရေးအုံးမယ်။ Airmandaly အကြောင်းလည်းရေရ အုံးမယ်။ အခုတော့ အပြင်းထူလိုက်မယ် :P