Tuesday, November 6, 2007

ဝင်မကြည့်ဖြစ်တာ အတော်ကြာ

ကိုယ့် Blog ကိုယ်ဝင်မကြည့်ဖြစ်တာတောင် ၆လ လောက်ရှိနေပြီ။ မအာလိုက် အပျင်းထူလိုက်ဖြစ်နေတာ များနေတယ်။ Game ကလည်း ညနေတိုင်း ကစားနေရတော့ Blog ရေးချိန်ကိုမရှိတော့ပါဘူး။ အခုမှ့ပဲ သတိရလို့ ၀င်ကြည့်ဖြစ်တော့တယ်။ CBox ထဲမှာ message ထားခဲ့တဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ် ……

Wednesday, May 2, 2007

တောင်းပန်ပါတယ်

ကျွန်တော်အရမ်း အလုပ်များနေပါတယ်။ Blog ကို Update မလုပ်နိုင်တာ ခွင့်လွှတ်ကြပါလို့ အားလုံးကိုတောင်းပန်ပါတယ်။ မိုးငယ်ကို လည်းတောင်းပန်ပါတယ်။ မြန်မာလိုရေးနည်းကို တတ်နိုင်သမျှ အမြန်ဆုံးရေးပေးပါမယ်။

Friday, April 27, 2007

ကြွားချင်ပါတယ်။

www.saisaionline.com

ကျွန်တော်တို့ CREATIVE Web Studio ကနေ http://www.saisaionline.com/ ဆိုတဲ့ website ကို 2005 August လောက်က စရးခဲ့တာပါ။ အခုအဲဒိ website ဟာ http://www.style-awards.com/ ဆိုတဲ့ design ကောင်းဆုံး Website တွေကို စုစည်းဖော်ပြပေးထားတဲ့ Website မှာ ပါလာပါတယ်။ ကိုယ့် Company က website ကိုဒီလို ဖော်ပြတာကို တွေ့ရတော့ အတော်ကို ၀မ်းသာမိပါတယ်။ နိုင်ငံတကာ က website တွေနှင့် အပြိုင် ဖော်ပြခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

Tuesday, April 24, 2007

ဓါတ်ပုံလည်းမရှိဘူး

ကျွန်တော့် Blog ကိုလာကြည့်တဲ့ သူတွေကတော့ တော်တော်ကို စိတ်ပျက်မယ် ထင်ပါတယ်။ ပုံတစ်ပုံမှ့ မရှိပဲ စာတွေနှင့်ပဲ ပြည်နေလို့ပါ။ ပုံတွေတင်နိုင်အောင် လုပ်ပါ့မယ်။ ပြောမယ့်သာ ပြောရတာပါ Blog က ကြည့်တဲ့သူတောင် ရှိရဲ့လားမသ်ပါဘူး :(

Web Hosting အကြောင်း

ကျွန်တော် MyanmarTraining.com မှာ တတ်သလောက်မှတ်သလောက် မေးခွန်းတွေ ဖြေပါတယ်။ Web Hosting အကြောင်းမေးလို့ သိသလောက် ဖောထားတာပါ။ အမှားပါရင် ပြောပါ။ ကျွန်တော့် Blog ကိုလာတဲ့ သူတွေ ဖတ်လို့ရအောင် တင်ပေးထာတာပါ။

“ Free Hosting တွေကတော့ အများကြီးရှိပါတယ်။ Google နဲ့ free web hosting ဆိုပြီးရှာလိုက်ရင် အများကြီးတွေ့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ http://www.netfirms.com/ ကိုသုံးကြည့်စေချင်ပါတယ်။ Free Hosting တွေကတော့ အပေါ်ဆုံးမှာ သူတို့ရဲ့ ကြေညာတွေ တင်ထားလေ့ရှိပါတယ်။ Data ကို backup မလုပ်ပေးပါဘူး။ ကိုယ်ပိုင် website တင်မယ်ဆိုရင်တော့ ပြသနာမရှိပေမယ့် အလုပ် လုပ်မယ့် business website မျိုးဆိုရင်တော့ မကောင်းပါဘူး။ အဲဒိတော့ Free သုံးမလား ပိုက်ဆံပေးသုံးမလားဆိုတာ မိမိအသုံးပြု့ မယ်အပေါ်မှာမူတည်ရွေးချယ်သင့်ပါတယ်။ ပိုက်ဆံပေးရတဲ့ web hosting တွေကတော့ Site down မသွားအောင် mirror server တွေကို အများကြီးထားပေးပါတယ်။ Data ကို daily, weekly, monthly စသည်းဖြင့် backup လုပ်ပေးပါတယ်။ web hosting ၀ယ်မယ်ဆိုရင် အထက်ပါအချက်တွေကို ဂရုပြုရွေးချယ်ရပါတယ်။ ဒါတွေအပြင် Bandwidth ဘယ်လောက်ရလဲ ကြည့်ရပါမယ်။ Bandwidth များရင် ကိုယ့် website ကို လူအများကြီး တစ်ပြိုင်နက် ကြည့်နိုင်မှာဖြစ်ပါတယ်။ အချို့ web hosting တွေက Bandwidth ကို fix လုပ်ထားပါတယ်။ သတ်မှတ်ချက်ထက်ကျော်ရင် ဖြတ်ချတတ်ပါတယ်။ အဲဒိလို အချိန်မှာ website down တာဖြစ်တတ်ပါတယ်။ အချို့ web hosting တွေကျတော့ Bandwidth ကို fix မလုပ်ပဲ ကျော်သွားတဲ့ ပမာဏပေါ် မူတည်ပြီး ပိုက်ဆံထပ်ကောက်ပါတယ်။ အဲဒိအချက်ကို web hosting မ၀ယ်ခင်ကတည်းက သေချာမေးမြန်းသင့်ပါတယ်။ web hosting အတော်များများ မှာ ၂၄ နာရီ ဆက်သွယ်လို့ရတဲ့ live chat တွေပါ ပါတယ်။ FTP ကတော့ File Transfer Protocol ဖြစ်ပါတယ်။ Free နှင့် ပိုက်ဆံပေးရတဲ့ web hosting နှစ်ခုစလုံးမှာပါ ပါတယ်။ ပိုက်ဆံပေးရတဲ့ web hosting ကတော့ သူရဲ့ FTP Server ကို Secure ဖြစ်အောင်ထားပေးပြီး File တွေကို FTP Server ပေါ်တင်နေစဉ် အချိန်အတွင်းမှာလည်း File မပျောက်အောင်၊ အခြားသူတစ်ဦး ခိုးယူမရအောင် တာ ၀န်ယူပေးပါတယ်။ Free web hosting တွေကတော့ အဲဒိအချက်တွေကို တာဝန်မယူပါဘူး။ “

Saturday, April 21, 2007

ကျွန်တော် ပြန်ရောက်ပြီ

ကျွန်တော် တောင်ကြီးကနေ ပြန်ရောက်ပါပြီ။ နှစ်ဆန်းတစ်ရက်နေ့က ပြန်ရောက်ပါတယ်။ စာရေးရမှာ ပျင်းတာနှင့် Blog တောင်ဝင်မရေးဖြစ်ဘူး။ ပိုပြီးစိတ်ပျက်စရာကောင်းတာက တောင်းကြီးကနေ ဓါတ်ပုံ တစ်ပုံမှ့ မပါခဲ့တာပဲ။ နောက်မှ့ တောင်ကြီးအကြောင်းတွေ ရေးအုံးမယ်။ Airmandaly အကြောင်းလည်းရေရ အုံးမယ်။ အခုတော့ အပြင်းထူလိုက်မယ် :P

Tuesday, April 10, 2007

Camera က ပျက်နေတယ်

ဓါတ်ပုံရိုက်ပါမယ်ဆိုမှ့ Camera က ပျက်နေတယ် ………
တောင်ကြီးသင်္ကြန်ကို ဘယ်လို မှတ်တမ်းတင်ရမှန်းတောင် မသိတော့ဘူးဗျာ။

Monday, April 9, 2007

MCC ခန်းမမှာလုပ်တဲ့ Kanebo ပွဲ

ကျွန်တော်မနေ့က MCC ခန်းမမှာလုပ်တဲ့ Kanebo ပွဲကို ရောက်ခဲ့ပါတယ်။ မတင်မိုးလွင်နှင့် ဦးချစ်ကောင်း တို့က Presenter လုပ်ပါတယ်။ ပွဲပြီးအောင်တော့ မကြည့်ဖြစ်ပါဘူး။ မနေ့ကစပြီး Digital camera တစ်လုံး အရမ်းကို လိုချင်သွားပါတယ်။ ကျွန်တော့် အတွေ့အကြုံတွေကို Share ချင်လို့ပါ။ Kanebo ပွဲဆိုတော့ Model တွေအများကြီးလာပါတယ်။ သက်မွန်မြင့်လည်းတွေ့ပါတယ် (ကျွန်တော်ကသက်မွန်မြင့်ကို အရမ်းကြိုက်တာဗျ)။ အရပ်က ကျွန်တော့ထက်တောင် ရှည်ချင်သလိုပါပဲ။ Camera သာပါရင် ဓါတ်ပုံရိုက်မိမှာ သေချာတယ်။ ကောင်မလေးတွေကတော့ လန်ထွက်နေတာပဲ အထူးသဖြင့် Model တွေပါ။ အချို့ဆို ကြည့်ရမှာတောင် ရှက်သလိုဖြစ်နေပါတယ်။ ကျွန်တော်လည်းရှက်ရှက် နဲ့ပဲ လိုက်ကြည့်လိုက်ပါတယ်…….. :P

Camera ရှိရင်တော့ ပုံတွေပါတင်ဖြစ်မှာပါ အခုတော့ …… နောက်ဆိုရင်တော့ ပုံတွေပါတင်နိုင်အောင် ကြိုးစားပါ့မယ်။

Saturday, April 7, 2007

အောင်မင်္ဂလာအဝေးပြေး

မနေ့က တောင်ကြီးသွားဖို့ ကားလက်မှတ်သွားဝယ်တာ အောင်မင်္ဂလာအဝေးပြေး အထိရောက်ပါတယ်။ တောင်ကြီးကားလက်မှတ်က အတော်လေးကိုခက်ပါတယ်။ ၁၁ ရက်နေ့ ဆိုတော့ ပိုဆိုးပ်ါတယ်။ ရတော့လည်း ၂၀၀,၀၀၀ တောင်ပေးရပါတယ်။ ဒါတောင်အပြန်မပါသေးပါဘူး။ တောက်ကြီးသွားမယ့်လူ အဲဒိလောက်များလိမ့်မယ်လို့ မထင်မိပါဘူးဗျာ။ မန္တလေးတောင် လက်မှတ်ရနိုင်ပါသေးတယ်။ ကံကောင်းလို့ရတယ်လို့ပဲ မှတ်လိုက်ပါတယ်။ အောင်မင်္ဂလာအဝေးပြေး အကြောင်းကို ပြောချင်ပါသေးတယ်။ ဘာကြောင့် အဲဒိလောက် အဝေးကြီးသွားထားလဲဆိုတာ မတွေးတတ်အောင်ပါပဲ။ ကားစီးရတာ မိနစ် ၃၀ လောက်ကြာပါတယ်။ ကားခက အသွားအပြန် ၉၅၀၀ ကုန်ပါတယ်။ အရိပ်လည်းမရှိပါဘူး။ သွားရတာ အတော်လေးကိုပင်ပန်းပါတယ်။ ကားလက်မှတ်ရောင်းတဲ့ နေရာကို တစ်နေရာတည်းမှာ စုထားရင် အရမ်းအဆင်ပြေမယ်ထင်ပါတယ်။ ဘုရားဖူး ကားလိုချင်ရင် ပန်းဆိုးတန်းကို အလွယ်တကူသွားလို့ရပေမယ့် ကျန်တာတွေကျတော့ အဆင်မပြေတော့ပါဘူး။ အချို့ကာဂိတ်တွေက မြို့ထဲမှာ ရှိပေမယ့် လက်မှတ်ကိုအကုန်မရောင်းကြပါဘူး အောင်မင်္ဂလာအဝေးပြေးမှာ သွားဝယ်မှ့ သေချာသလိုဖြစ်နေပါတယ်။ Taxi တွေကလည်း အောင်မင်္ဂလာအဝေးပြေးဆိုရင် မလိုက်တော့ဘူးလို့ပြောကြပါတယ်။ Taxi ကိုတောင်းတောင်းပန်ပန် နှင့်ငှားရတာ ဒီတစ်ခါပဲ ကြုံဖူးပါသေးတယ်ဗျာ …..

လက်ညှိုးညွှန်ချင်နေပါတယ်

"ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွှန်ရာ
သူဖြစ်ပါစေသား အရှင်ဘုရား ………."


တာရာမင်းဝေရဲ့ ၀တ္တုထဲက ကဗျာလေးပါ။ ကျွန်တော်အရမ်းကြိုက်တဲ့ ကဗျာလေးဆိုလည်း မမှားပါဘူး။ ကျွန်တော်လည်းအခု လက်ညှိုးညွှန်ချင်နေပါတယ်။

Wednesday, April 4, 2007

Myanmar Internet Seminar

Myanmar Internet Seminar ဆိုတဲအမည်နဲ့ Seminar တစ်ခုကို ကျွန်တော်တို့ CREATIVE နဲ့ Service+ တို.ပူးပေါင်းပြီး March 31 ရက်နေ့က Myanmar Info Tech မှာ မနက် 9:00 ကနေ ညနေ 5:30 အထိ လုပ်ခဲ့ပါတယ်။ လူတွေအများကြီးလာတာတွေ့လို့ အရမ်းပျော်ပါတယ်။ ကျွန်တော်လည်း MRTV-4 ကို ကူညီရင်းနဲ့ Director ဖြစ်မှန်းမသိဖြစ်ခဲ့ပါတယ်။

အသေးစိပ်ကို http://myanmarinternetseminar.blogspot.com/ မှာတင်ထားပါတယ်

တောင်ကြီးပဲသွားတော့မယ်

ကျွန်တော် ကတော့ တောင်ကြီးပဲသွားဖြစ်ဖို့များနေပါပြီ။ ကျွှန်တော်က ကိုပျူး (Alex) အနဲ့ မတောက် တခေါက် ခင်ပါတယ်။ တောင်ကြီးက ကိုပျူးတို့ အဖွဲ့နဲ့သွားဖြစ်မှာပါ။ ညဘက်ကို Stage show လုပ်ပြီး နေ့ခင်းဘက်ကို ကဲကြဖို့စီစဉ်ထားပါတယ်။

တစ်ကယ်တော့ရန်ကုန်မှာလည်း ကဲချင်သေးတယ်။ ရန်ကုန်ကတော့ တောင်ကြီးထက် အများကြီး ပိုလန်းမယ် ထင်တယ်။ အခုတောင် ကောင်မလေးတွေက အတော် မိုက်နေကြပြီ။ ရန်ကုန်ပြန်ရောက်မှ့ပဲ သူငယ်ချင်းတွေ ကဲတာကိုပြန်မေးတော့မယ်။

သင်္ကြန်ရောက်တော့မယ်

မနှစ်တုံးက ပြည်လမ်းမပေါ်က Alpine မဏ္ဍပ် (စိုင်းစိုင်းမဏ္ဍပ်) မှာအမုန်းကဲခဲ့ပါတယ်။ တစ်ကယ်တော့ လက်မှတ်အလကားရလို့ သွားဖြစ်တာပါ။ :P

ဒီနှစ်လည်း အလကားရအုံးမယ်ထင်ပါတယ်။ သွားဖြစ်ဖို့ကတော့ မသေချာတော့ဘူး။ တောင်းကြီးဘက်ကိုသွားဖြစ်ဖို့ များနေတယ်။

Tuesday, March 27, 2007

သီချင်းတွေတင်ထားပြီ

ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို တွေကိုတင်ထားပေးပါတယ်။ အကြိုက်ချင်းတူတဲ့သူတွေ ခံစားချက်ချင်း တူတဲ့သူတွေ နားထောင်လို့ရအောင်ပါ။ Playlist ကိုလည်း တတ်နိုင်သမျှ update လုပ်သွားပါ့မယ်။ Download လုပ်ချင်ရင်တော့ပြောပါ ကျွန်တော်မှာရှိသမျှ Share ပါ့မယ်။

Tuesday, March 20, 2007

မြန်မာလိုရေးပြီ

Casper မြန်မာလိုရေးလို့ရပါပြီ။ သူငယ်ချင်း မိုကုတ်သား ကိုအရမ်းကျေးဇူးတင်ပါတယ်။ သူ့ဆီကနေ Style Sheet တွေကို ကူးလိုက်ရတယ်လေ။ မိုကုတ်သား ရှမ်းမကြီးနဲ့ ညားပါစေ :P

Wednesday, March 7, 2007

My first blog

Actually I want to write this Blog in Myanmar font but I don't know how yet. I'll try to write in myanmar later. This gonna b my fist Blog. I write this because I admire others blogger and I want to have my own blog. Also I want to post my felling which I don't know who to tell here. And this gonna be my life record.