Saturday, April 7, 2007

အောင်မင်္ဂလာအဝေးပြေး

မနေ့က တောင်ကြီးသွားဖို့ ကားလက်မှတ်သွားဝယ်တာ အောင်မင်္ဂလာအဝေးပြေး အထိရောက်ပါတယ်။ တောင်ကြီးကားလက်မှတ်က အတော်လေးကိုခက်ပါတယ်။ ၁၁ ရက်နေ့ ဆိုတော့ ပိုဆိုးပ်ါတယ်။ ရတော့လည်း ၂၀၀,၀၀၀ တောင်ပေးရပါတယ်။ ဒါတောင်အပြန်မပါသေးပါဘူး။ တောက်ကြီးသွားမယ့်လူ အဲဒိလောက်များလိမ့်မယ်လို့ မထင်မိပါဘူးဗျာ။ မန္တလေးတောင် လက်မှတ်ရနိုင်ပါသေးတယ်။ ကံကောင်းလို့ရတယ်လို့ပဲ မှတ်လိုက်ပါတယ်။ အောင်မင်္ဂလာအဝေးပြေး အကြောင်းကို ပြောချင်ပါသေးတယ်။ ဘာကြောင့် အဲဒိလောက် အဝေးကြီးသွားထားလဲဆိုတာ မတွေးတတ်အောင်ပါပဲ။ ကားစီးရတာ မိနစ် ၃၀ လောက်ကြာပါတယ်။ ကားခက အသွားအပြန် ၉၅၀၀ ကုန်ပါတယ်။ အရိပ်လည်းမရှိပါဘူး။ သွားရတာ အတော်လေးကိုပင်ပန်းပါတယ်။ ကားလက်မှတ်ရောင်းတဲ့ နေရာကို တစ်နေရာတည်းမှာ စုထားရင် အရမ်းအဆင်ပြေမယ်ထင်ပါတယ်။ ဘုရားဖူး ကားလိုချင်ရင် ပန်းဆိုးတန်းကို အလွယ်တကူသွားလို့ရပေမယ့် ကျန်တာတွေကျတော့ အဆင်မပြေတော့ပါဘူး။ အချို့ကာဂိတ်တွေက မြို့ထဲမှာ ရှိပေမယ့် လက်မှတ်ကိုအကုန်မရောင်းကြပါဘူး အောင်မင်္ဂလာအဝေးပြေးမှာ သွားဝယ်မှ့ သေချာသလိုဖြစ်နေပါတယ်။ Taxi တွေကလည်း အောင်မင်္ဂလာအဝေးပြေးဆိုရင် မလိုက်တော့ဘူးလို့ပြောကြပါတယ်။ Taxi ကိုတောင်းတောင်းပန်ပန် နှင့်ငှားရတာ ဒီတစ်ခါပဲ ကြုံဖူးပါသေးတယ်ဗျာ …..

No comments: